
ပင်လယ်ပြင်ကြီးဟာ မာယာများပြိး အမြဲပြောင်းလဲတတ်သလို
အချစ်ဟာလဲ အမြဲဖေါက်ပြန်တတ်တဲ့မာယာရှင်ကြီးပေါ့
ပုဇွန်ဆိတ်ကလေးဟာ ပင်လယ်ပြင်ကြီးကိုကူးဖြတ်နိုင်ခဲ့ရင်တောင်မှ
နက်ရှိုင်းတဲ့သမုဒ္ဒရာကိုဖြတ်ကူးနိုင်ဖို့ဆိုတာ စဉ်းစားရတော့မယ်
ချစ်သူဘဝကိုပျော်ရွှင်ကြည်နူးကြပေမဲ့
အိမ်ထောင်သည် ဘဝဖြစ်ဖို့ကြတော့ စဉ်းစားရပြန်တယ်
ရေသတ္တဝါခြင်းတူပေမဲ့ ပုဇွန်ဟာ ငါးကိုပြိုင်ပြီးရေမကူးနိုင်သလို
လူသားခြင်းတူပေမဲ့ မိန်းကလေးဟာ ယောက်ျားနဲ့ပြိုင်ပြီး အချစ်ကိုကစားလို့မရဘူး
ခေါင်းမှာဦးနှောက်မရှိပဲ မစင်( ချီး )ပဲရှိတဲ့သတ္တဝါဟာ
ဘယ်သတ္တဝါလဲလို့မေးခဲ့ရင် ပုဇွန်လို့အများကဖြေကြသလို
အချစ်ကိုယုံပြီး ဘဝတစ်ခုလုံးကိုပုံအပ်ပြီးမှ မျက်ရည်ကျခဲ့မယ်ဆိုရင်....
................ ပုဇွန်နှင့်တူသော မိန်းမ.............
You need to be a member of Zomi Community Network - Your Network to add comments!
Join Zomi Community Network - Your Network