ညပျော်မလေး

အမှောင်ထုထဲ ....
မာကြူရီမီးကိုအထင်ကြီးပြီးတော့
ရောင်ခြည်အလင်းကို သူလေစွန့်ခွာ....
အမှောင်ထုကိုလေသူတကယ်စွဲ
ပျော်ပါးနှစ်ခြိုက်စွာနေပြီကော...
ဇီးကွက်ငှက်လေးလို ညမှောင်မဲကြိုက်သူ
မင်းရဲ့မျက်လုံးတွေအမြဲအားကောင်လို့မြင်နိုင်မလားကွယ်...

ညပျော်မလေး ....
လင်းဆွဲငှက်လေးလို ကမ္ဘာကိုပြောင်ပြန်ကြည့်ရင်
အမှန်ကိုအမှန်တိုင်း ဘယ်သူမြင်နိုင်မှာလဲ...
ကမ္ဘာမှာမွေးတာ မေတစ်ယောက်ထဲမဟုတ်ပါ
မရေနိုင်မတွက်နိုင် မြောက်များစွာ
ရိုးရိုးသားသားနဲ့လုပ်ကိုင်သက်မွေးသူ
အားကျလို့မင်းပြန်လာနိုင်မှာလားကွယ်...
မေပြန်လာမယ့်လမ်းကို ပန်းတွေခင်းထားပါ့မယ်........

Views: 277

Comment

You need to be a member of Zomi Community Network - Your Network to add comments!

Join Zomi Community Network - Your Network

Comment by Naulak Dim on February 14, 2010 at 12:21pm
အင်းးးး ညမွှေးပန်းလို့လဲ တင်စားလို့ရမှာပဲနော်။
ဖတ်ရတာ ရင်ထဲ သိပ်မကောင်းဘူး။
အကြောင်းအမျိုးမျိုးကြောင့် ညမှာပွင့်ရတဲ့ ပန်းကလေးတွေရဲ့ ဘဝဘဝလေးတွေ အဆင်ပြေချောမွေ့ပါစေ။

© 2024   Created by Zomi Community Network.   Powered by

Badges  |  Report an Issue  |  Terms of Service