FaceBook အကောင့်ရှိသူများအတွက

ကမ္ဘာကျော် လူမှုရေးကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်သော Facebook တွင် နောက်ဆုံးပေါ် ဗိုင်းရပ်စ်တိုက်ခိုက်မှုအဖြစ်
အသုံးပြုသူများအား dislike ခလုတ်ကို ထည့်သွင်းခိုင်းခြင်းဖြင့်
တိုက်ခိုက်လျက်ရှိကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သည့် Sophos
မှပြောကြားလိုက်သည်။ အဆိုပါတိုက်ခိုက်မှုသည် မကြာမီကဖြစ်ပွားခဲ့သည့် snake
ဗီဒီယိုတိုက်ခိုက်မှုနည်းတူဖြစ်ပြီး အသုံးပြုသူများ၏ profile နှင့် wall
ပေါ်တွင် dislike ခလုတ်ကိုထည့်သွင်းရန်အတွက် ရေးသားထားခဲ့ကာ ယင်း dislike
ခလုတ် ထည့်သွင်းခြင်းခွင့်ပြုလိုက်ပါက အခြား Facebook သူငယ်ချင်းများနှင့်
အွန်လိုင်း အဆက်အသွယ်များထံသို့ ကူးစက် ပျံ့နှံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် FaceMod မှပြုလုပ်သော Firefox browser add-on ဖြစ်သည့် Facebook
dislike ခလုတ်ကိုရည်ညွှန်းကာ အွန်လိုင်းစစ်တမ်းကောက်ခံပြီး
တိုက်ခိုက်သူများမှ ငွေကြေးလိမ်လည်မှုများ ပြုလုပ်နိုင်ကြောင်း Sophos
မှသုတေသီဖြစ်သူ Graham Cluley က သတိပေးပြောကြားခဲ့သည်။


internet ဂျာနယ်မှာကူးယူဖော်ပြသည်

Views: 44

Comment

You need to be a member of Zomi Community Network - Your Network to add comments!

Join Zomi Community Network - Your Network

© 2024   Created by Zomi Community Network.   Powered by

Badges  |  Report an Issue  |  Terms of Service