ပွဲမကစားမီ အမြဲတမ်း ဆုတောင်းခြင်းဟာအရေးကြီးတဲ့ ပွဲကြိုပြင်ဆင်မှုတစ်ခုပါလို့ ဆိုတဲ့ ဟာနန်ဒက်ဇ်


မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဂျာဗီယား ဟာနန်ဒက်ဇ်က ပွဲမတိုင်မီ ပုံမှန်လုပ်နေကြဖြစ်တဲ့ ၀တ်ပြုဆုတောင်းခြင်းဟာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ 
     ဟာနန်ဒက်ဇ်ဟာ ခရစ်ယန်တစ်ယောက်ဖြစ်ပြီးတော့ ပွဲတိုင်း ပွဲတိုင်း မစခင်မှာ မြက်ခင်းပြင်ပေါ်မှာ ဆုတောင်း ပတ္ထနာပြုလေ့ ရှိပါတယ်။ သူ့ရဲ့ အိမ်မက်တွေ တကယ်ဖြစ်လာဖို့အတွက်ပေါ့။ ဒါပေမယ့် အနန္ဒတန်ခိုးတော်အပေါ်မှာ သူရဲ့ တောင်းဆိုမှုတွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ တောင်းဆိုမှုမျိုးမဟုတ်ဘူးလို့ မက္ကဆီကို တိုက်စစ်မှူးက လေးလေးနက်နက် ယုံကြည်နေတာပါ။
     ဟာနန်ဒက်ဇ်ဟာ သူ့ရဲ့ အသင်းဖော်တွေနဲ့ ပြိုင်ဖက်ကစားသမားတွေ ကြီးကြီးမားမား ဒါဏ်ရာ မရဖို့အတွက် ဘုရားသခင်ထံမှာ ပွဲတိုင်းပွဲတိုင်း မကစားမီ ဆုတောင်းလေ့ ရှိပါတယ်။
     ဒါနဲ့ ပါတ်သက်ပြီး ဟာနန်ဒက်ဇ်က “ကျနော် ပွဲတစ်ပွဲ မကစားမီ အမြဲတမ်း ဆုတောင်းလေ့ ရှိပါတယ်။ ဒါဟာ ကျနော့်အတွက် အရေးကြီးတဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော် အယူသည်းတာ မဟုတ်ပါဘူး။ ဆုတောင်းခြင်းကို ကျနော် နှစ်သက်ပါတယ်။ ကျနော် နှစ်ဖက်အသင်းသားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ ဘုရားသခင်ထံ ဆုတောင်းတာပါ။ ဘာလို့လဲ ဆိုတော့ အားကစားသမားတစ်ယောက်အတွက် ဒါဏ်ရာရတယ် ဆိုတာ ဆိုးရွားတဲ့ အဖြစ်အပျက်ပါ။ ဒီမြက်ခင်းပြင်ထက်မှာ မတော်တဆ ထိခိုက်မှုတွေ တော်တော်များများ ဖြစ်တတ်ပြီးတော့ အဲဒါမျိုးကို ဘယ်သူမှ မလိုလားပါဘူး။ ပြီးတော့ ကျနော့်ကို စောင့်ရှောက်ပေးဖို့ ဘုရားသခင်ကို တောင်းဆိုချင်ပါတယ်။ ဘာလို့လဲ ဆိုရင် သူက ကျနော့်ကို ဘောလုံးကစားဖို့ အခွင့်အရေးပေးထားလို့ပါပဲ။ ” လို့ the Mirror မှာ ပြောကြားသွားခဲ့ပါတယ်။

Views: 57

Comment

You need to be a member of Zomi Community Network - Your Network to add comments!

Join Zomi Community Network - Your Network

© 2024   Created by Zomi Community Network.   Powered by

Badges  |  Report an Issue  |  Terms of Service