ဘုရားသခင်၏ လက်ဆောင်မွန်

အောင်မြင်မှုရဖို့ ခွန်အားတွေတောင်းခဲ့တယ်။
ကိုယ်တော်က နာခံမှုရှိဖို့ ခွန်အားနည်းစေတယ်။

ပျော်ရွှင်မှုရဖို့ စည်းစိမ်တွေတောင်းခဲ့တယ်။
ကိုယ်တော်က သူနဲ့ပိုနီးကပ်လာဖို့ ချို့တဲ့မှုပေးတယ်။

လူတွေရဲ့ချီးမွမ်းခြင်းခံရဖို့ တန်ခိုးတောင်းခဲ့တယ်။
ကိုယ်တော်က သူ့ကိုအားကိုးလိုစိတ်ရှိဖို့ နှိမ့်ကျစေတယ်။

လူတွေရဲ့ချစ်ခြင်းမေတ္တာရဖို့ ကြိုးစားတောင်းလျှောက်ခဲ့တယ်။
ကိုယ်တော်က သူ့ရဲ့မေတ္တာတွေနားလည်နိုင်ဖို့ ကြေကွဲခြင်းတွေပဲပေးတယ်။

စိတ်ချမ်းသာဖို့ လိုချင်တာအားလုံး တောင်းခဲ့တယ်။
ကိုယ်တော်က အရာရာတိုင်းမှာ ကျေနပ်ရောင့်ရဲတတ်ဖို့ လိုအင်တပ်မက်စိတ်ကို ချိုးနှိမ်လိုက်တယ်။

မျှော်လင့်တောင်းလျှောက်တာ၊ လိုချင်တာတွေ ဘာမှမရခဲ့ပါဘူး။
ဒါပေမယ့် ကိုယ်တော်က လိုအပ်မှုမှန်သမျှကို ဟာကွက်မရှိပဲ အချိန်မီဖြည့်ဆည်းပေးလေ့ရှိတယ်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper

မြန်မာ ခရစ်ယာန်လူငယ်များ မှ ပြန်လည်မျှဝေပေးလိုက်ပါသည်။

Views: 145

Comment

You need to be a member of Zomi Community Network - Your Network to add comments!

Join Zomi Community Network - Your Network

Comment by tuang on March 24, 2010 at 12:56am
အခုလို..ပြန်လည်မျှဝေပေး တာ ကျေးဇူးအတင်ပါတယ်ဗျာ......ယ.

© 2024   Created by Zomi Community Network.   Powered by

Badges  |  Report an Issue  |  Terms of Service