“ တခါတလေရဲ့ ရလဒ် ”
တခါတလေ မင်းကို သတိရတယ်
တခါတလေ မင်းကို သတိမရဘူး
တခါတလေ မင်းကို လွမ်းတယ်
တခါတလေ မင်းကို မလွမ်းဘူး
တခါတလေ မင်းအတွက် ကဗျာရေးခဲ့တယ်
တခါတလေ မင်းအတွက် ကဗျာမရေးဘူး
တခါတလေ မင်းအတွက် သီချင်းဆိုပေးခဲ့တယ်
တခါတလေ မင်းအတွက် သီချင်းဆိုမပေးနိုင်ခဲ့ဘူး
တခါတလေ မင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့တယ်
တခါတလေ မင်းကို ပျော်ရွှင်အောင်လုပ်မပေးနိုင်ခဲ့ဘူး
တခါတလေ မင်းရဲ့ အပြုံးဟာ ခွန်အားဖြစ်စေတယ်
တခါတလေ မင်းရဲ့ အပြုံးဟာ ခွန်အားမဖြစ်စေဘူး
တခါတလေ မင်းရဲ့ အနားမှာ ရှိနေတယ်
တခါတလေ မင်းရဲ့ အနားမှာ မရှိတဲ့အချိန်မှာ.........
အချစ်ထက် ဝမ်းတထွာက ပိုအရေးကြီးတယ်တဲ့လား......
အချစ်ကို နှလုံးသားနဲ့ ခံစားပြီး အိမ်ထောင်ရေးကို ဦးနှောက်နဲ့ စဉ်စားလိုက်ပြီပေါ့.........
ဒါကို Tuang.... ကပြောတယ် “ ဥပဒေဘောင် အတွင်းက ပြည့်တန်စာ ”တဲ့လေ
You need to be a member of Zomi Community Network - Your Network to add comments!
Join Zomi Community Network - Your Network