အခုဆိုရင် ၂၀၁၀ မြန်မာ့ရွေးကောက်ပွဲဟာ တပတ်တောင်မလိုတော့ပါဝူး။
ဒီနှစ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးအမြင်အမျိုးမျိုးနဲ့ စိတ်ထဲမှာ ရှုပ်ထွေးလှပါတယ်။
တချို့က အမှောင်ချမဲ့ရွေးကောက်ပွဲတဲ့၊ တချို့ကျတော့လည်း အလင်းထွက်လာမဲ့ ရွေးကောက်ပွဲတဲ့.....
ကဲဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ ချင်းပြည်နယ်ကိုယ်စား ရွေးကောက်ပွဲမှာ အရွေးခံကြမဲ့ပါတီများနဲ့ ပုဂ္ဂိုလ်များကို
ဤနေရာမှ မိတ်ဆက်လိုက်ပါတယ်။
ကိုယ်သဘောကျ သူကို မဲပေးကြရအောင်။
(vote chat တင်ရတာအဆင်မပြေလို့ စာနဲ့ဘဲရေးလိုက်ပါတယ်၊ နံပါတ်အလိုက် command (သို့)
ဤနေရာမှ မှ vote ကြရအောင်)
၁. ချင်းအမျိုးသားပါတီ
၂. ချင်းတိုးတက်ရေးပါတီ
၃. အမျိုးသားဒီမိုကရေစီအင်အားစု(NDF)
၎. ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ
၅. မဲမပေးပါ

ချင်းအမျိုးသားပါတီကို
ဤနေရာမှ လာရောက်လေ့လာဖတ်ရှုနိုင်ပါတယ်

ချင်းတိုးတက်ရေးပါတီကို
ဤနေရာမှ လာရောင်လေ့လာဖတ်ရှုနိုင်ပါတယ်
အမျိုးသားဒီမိုကရေစီအင်အားစုမှ ဒေါ်ကမ်းခန့််ဒိမ်း က ရန်ကုန် တောင်ဥက္ကလာပမြို့နယ် မှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမှာဖြစ်ပါတယ်။
(တောင်ဥက္ကလာပ လွှတ်တော် ၃ ရပ်လုံးတွင် ကြံ့ဖွံ့က ပြည်သူ့လွှတ်တော်တွင် ဦးအောင်သိန်းလင်း၊ တိုင်းဒေသကြီး လွှတ်တော်တွင် ဦးအောင်ကျော်မိုးနှင့် ဦးမျိုးမင်းအောင်၊ အမျိုးသားလွှတ်တော်တွင် ဒေါက်တာမောင်သင်းတို့ ယှဉ်ပြိုင်မည်။)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ချင်းပြည်နယ်တွင်လည်း ချင်းအမျိုးသားကိုယ်စားလှယ်လောင်းမှ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။